Main menu

၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် မှတ်ပုံတင်ထားသော လုပ်ငန်းအသစ် ၅,၆၀၀ ကျော်

Powered by Drupal

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း ကုမ္ပဏီနှင့် လုပ်ငန်းသစ် ၅,၆၄၉ ခု မှတ်ပုံတင်ခဲ့ပြီး ယခင်နှစ် အလားတူကာလတွင် မှတ်ပုံတင် ထားသည့် ကုမ္ပဏီ ၅,၃၄၉ ခုမှ ၅.၆ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ၄-၈-၂၀၂၅ ရက်နေ့တွင် အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ကုမ္ပဏီပေါင်း ၃,၀၇၃ ခုသည် အရင်းအနှီးကုမ္ပဏီများအဖြစ် မှတ်ပုံတင်ထားပြီး နိုင်ငံခြားကုန်သွယ်မှု ကုမ္ပဏီများ အဖြစ် ၂,၅၃၄ ခု နှင့် အခြားကုမ္ပဏီ ၄၂ ခုသည်တစ်ဦးတည်းပိုင်ကုမ္ပဏီများအဖြစ် မှတ်ပုံတင်ထားကြောင်း သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul က ဝန်ကြီးဌာနသည် အလိုအလျောက်စနစ်မြှင့်တင်ခြင်း၊ ကုန်ကျစရိတ်နှင့် အချိန်ကိုလျှော့ချခြင်း၊ ဈေးနှုန်းတည်ငြိမ်စေရန်၊ ပြည်တွင်းကုန်သွယ်မှု စျေးကွက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့မှတစ်ဆင့် ပြည်သူ့ဝန်ဆောင်မှုများ၏ အရည်အသွေးကို မြှင့်တင်သွားရန် ကတိပြုထားကြောင်း ပြောကြားခဲ့သည်။ စီးပွားရေးမှတ်ပုံတင်ခြင်းတိုးတက်လာခြင်းသည် ထိရောက်သော အစိုးရ၏မူဝါဒများအောက်တွင် နိုင်ငံပြန်လည်ဖွင့်လှစ်ခြင်းအား ထင်ဟပ် စေကြောင်း ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း (CCC) ၏ ဒုတိယဥက္ကဌ Lim Heng က ပြောကြားခဲ့သည်။ ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးတို့ကို အာရုံစိုက်ကာ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍတို့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုလမ်းကြောင်းများကို တည်တံ့စေမည်ဖြစ်ကြောင်း Heng က ဆက်လက် ပြောကြားခဲ့သည်။

Source: Khmer Times 

DOCA (ရန်ကုန်)