Main menu

နိုင်ငံတော်သည် သီဟိုဠ်စေ့ကုန်သွယ်မှုကို မြှင့်တင်ပေးကာ ကမ္ဘာ့အဆင့်တွင် ထိပ်ဆုံးသို့ ရောက်ရှိရန် ရည်မှန်းထား

Powered by Drupal

    ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် သီဟိုဠ်စေ့အကြမ်းထုတ်လုပ်သည့် ကမ္ဘာ့ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး နှစ်စဉ်ပျမ်းမျှတန်ချိန် ၈၀၀,၀၀၀ ခန့် ထွက်ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ သီဟိုဠ်စေ့အသင်း (CAC) က ၄-၈-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ နှစ်စဉ် စိုက်ပျိုးဧရိယာများ တိုးချဲ့လာမှုကြောင့် လာမည့်ငါးနှစ်အတွင်း ထုတ်လုပ်မှု တန်ချိန် ၁ သန်းကျော် မျှော်မှန်းထားကြောင်း CAC ၏ ဒုတိယဥက္ကဋ္ဌ Suy Kokthean က Khmer Times သို့ ပြောကြားခဲ့သည်။ အသင်းအဖွဲ့သည် ၎င်းတို့နှင့် နေ့စဉ်နီးပါး ပုံမှန် ဆွေးနွေးနေသောကြောင့် ရင်းနှီးမြှုပ်နှံသူ အများအပြားသည် ကမ္ဘောဒီးယား၏ သီဟိုဠ်စေ့ကဏ္ဍကို စိတ်ဝင်စားမှု ပြသ နေကြောင်း ၎င်းက ဆက်လက်ပြောသည်။ CAC သည် ရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များကို လွယ်ကူ ချောမွေ့စေရန် အဓိကထားလုပ်ဆောင်လျက်ရှိပြီး အခွန်ကင်းလွတ်မှုနှင့်ပတ်သက်သည့် ကိစ္စရပ်များကို အစိုးရမှကိုင်တွယ်ဆောင်ရွက်နေကြောင်း Suy Kokthean က ဆက်လက်ပြောကြားခဲ့သည်။ CAC သည် ၂၀၂၅ ခုနှစ်အတွက် ပြုပြင်ပြီး သီဟိုဠ်စေ့တင်ပို့မှုပမာဏကို ခန့်မှန်းနိုင်ခြင်းမရှိသေးကြောင်း၊ ယခုအချိန်အထိ တရားဝင် အချက်အလက် ကောက်ယူခြင်း မရှိသေးခြင်းကြောင့် ဖြစ်ကြောင်း Kokthean က ဆက်လက် ပြောကြားခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MoC) မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ပြည်ပဈေးကွက်သို့ အမေရိကန် ဒေါ်လာ ၇၅၃.၂၁ သန်းဖိုး တင်ပို့ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၂၇၂.၄၅ သန်း သို့မဟုတ် ၅၆.၆၇ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။

Source: Khmer Times    

DOCA (ရန်ကုန်)