Main menu

ကျွန်းလှမြို့တွင် ရောင်းချနေသော ကျောက်ဖရုံသီး နှင့် ဂေါ်ရခါးသီး ဈေးနှုန်း

Powered by Drupal

   ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံကို ရောင်းချသည့် လုပ်ငန်းများအပြင်  ဂေါ်ရခါးသီးကို မန္တလေးမြို့မှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ရောင်းချနေသော ကျွန်းလှမြို့၏ ဂေါ်ရခါးသီး ဈေးနှုန်းများမှာ အလုံးကြီး တစ်လုံးလျှင် (၈၀၀)ကျပ် နှင့် အလုံးသေး တစ်လုံးလျှင်(၇၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး  အလားတူပင် ကျောက်ဖရုံသီး ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံးသီး အကြီးတစ်လုံးလျှင်(၅၀၀၀)ကျပ်၊ သေးတစ်လုံးလျှင်(၃၅၀၀)ကျပ်နှင့် တစ်စိတ်လျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)