Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်က စားသုံးသူရေးရာ ဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၊ ရုံးအဆောက်အဦနှင့် ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှု့စစ်ဆေး

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊  တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ၂၈.၃.၂၀၂၅ရက်နေ့ နေ့လယ် (၁၂း၅၀) အချိန်တွင် လှုပ်ခတ် ခဲ့သောငလျင်မှာ မန္တလေးကိုအခြေပြု၍ ငလျင်၏ရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော စစ်ကိုင်းမြို့ပေါ်ရှိ  ပြိုကျပျက်စီးခဲ့သော ရုံးအဆောက်အဦ၊ ဝန်ထမ်းအိမ်ရာများအား  ဩဂုတ်လ (၄)ရက်နေ့တွင် လိုက်လံကြည့်ရှု့ခဲ့ပြီး  နေ့လယ် (၁၄း၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊   စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးရှိ ရုံးအဆောက်အဦ၊ ဝန်ထမ်းအိမ်ရာနှင့် သိုလှောင်ရုံများအား လိုက်လံကြည့်ရှု့ခဲ့ကြောင်း သတင်းရရှိပါသည်။

      ထိုသို့ ကြည့်ရှု့စစ်ဆေးစဉ် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်က ယာယီရုံးအတွင်းရှိ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရေး၊ နိုင်ငံပိုင်ပစ္စည်းများ၊ အဆောက်အဦများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး၊ ရုံးအင်္ဂါရပ်နှင့် ညီညွတ်သောပတ်ဝန်းကျင်ဖြစ်စေရန် သန့်ရှင်းသပ်ရပ်မှုရှိအောင် ဆောင်ရွက်စေရေး၊ မိမိဌာနနှင့် ဆက်စပ်သော ဘာသာရပ်များသာမက ပြင်ပဗဟုသုတ၊ ခေတ်နှင့် လျော်ညီသော နည်းပညာများကို စဉ်ဆက်မပြတ် ကြိုးစားလေ့လာရေး၊ နိုင်ငံအကျိုး၊ ဝန်ကြီးဌာန အကျိုး၊ ပြည်သူ့အကျိုးကို ရှေးရှု၍ ရုံးလုပ်ငန်းများ စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)