Main menu

မအူပင်မြို့နယ်မှ နှစ်ရှည်သီးနှံ  ဂွေးသီးအချိုပင်မှ ဂွေးချိုသီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးထွက်ရှိ ရောင်းချနေမှု

Powered by Drupal

  မအူပင်ခရိုင်၊ မအူပင်မြို့နယ် အနီး ကျေးရွာများမှ တစ်ပိုင်တနိုင် ဂွေးချိုပင်ကို စိုက်ပျိုး ထားပြီး  ဂွေးချိုသီးပင်များကို အိမ်ခြံဝင်းအတွင်း  အနည်းငယ်စီစိုက်ပျိုးထားပြီး  မိသားစုအပိုဝင်ငွေများရလျက်ရှိကြောင်း သိရသည်။

   ဂွေးချိုသီးပင်များမှာ ပူ၍ခြောက်သွေ့သော ရာသီဥတုကိုကြိုက်နှစ်သက်၍ မိမိတို့နေထိုင်ရာ ကျေးရွာရာသီဥတုနှင့် ကိုက်ညီခြင်း၊ ဂွေးချိုသီးကို ဝယ်ယူစားသုံးခဲ့ရာမှ နှစ်ခြိုက်မှုရှိခြင်း၊ ဂွေးချိုသီးကို သွားရေစာအဖြစ် ထုတ်လုပ်ရောင်းချမှုများကို  မြင်တွေ့ရခြင်း၊ ဂွေးချိုသီးကို ဒေသတွင်းတွင် အချဉ်ပေါင်းရောင်းချသူများလည်း ရှိကြသည်။ ဒေသတွင်း စီးပွား ဖြစ် စိုက်ပျိုးသူမရှိခြင်း၊ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပါက အပိုဝင်ငွေရရှိခြင်းတို့ကြောင့် အိမ်ခြံဝင်းအတွင်း စိုက်ပျိုး သူများ နှစ်စဉ် ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

   ဂွေးချိုသီးများကို ကလေးလူကြီးမကျန် နှစ်ခြိုက်ကြ၍ သွားရေစာအဖြစ် ၁လုံးလျှင်  (၅၀ဝိ/-) ကျပ်မှ (၈၀ဝိ/-) ကျပ်အထိ အရောင်းအဝယ်ဖြစ်ကြကြောင်း၊ နှစ်စဉ် ဩဂုတ်လတွင် ဂွေးချိုသီးထွက်ရှိနေ၍ ဂွေးချိုသီးပင်ကို စတင်စိုက်ပျိုးရာ ၅နှစ်အကြာတွင် အသီးထွက်ရှိသောကြောင့် နှစ်စဉ် ရောင်းချလျက်ရှိသော နှစ်ရှည်သီးနှံပင်ဖြစ်၍ ဂွေးချိုသီးရောင်းချသူများမှ တစ်နေ့လျှင် အလုံးရေ ၅၀၀နီးပါး ရောင်းချရပြီး အခွန်လွတ်ဈေးတွင် ဂွေးချိုးသီးရောင်းချသူ ၅ဦးခန့်ရှိကြောင်း ၊ဒေသတွင်း စားသုံးရန်သာ ရောင်းချနေပြီး၊ ဂွေးချိုသီးပင်များကို စီးပွားဖြစ်စိုက်ပျိုးသင့်သော သီးနှံတစ်ခုဖြစ်ကြောင်းနှင့်  အခြားသော ဈေးများတွင်လည်း ဂွေးချိုသီးရောင်းချသူများလည်း ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)