Main menu

မအူပင်မြို့နယ် မုန့်ဟင်းခါးဖတ် ဈေးနှုန်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မင်းလမ်းပေါ်တွင် မိသားစုစားဝတ်နေရေးအတွက် မုန့်တီစိမ်း လုပ်ငန်းကိုလုပ်ကိုင် ရောင်းချလျက်ရှိရာ မအူပင်ခရိုင်အနေဖြင့် မုန့်ဖတ်လုပ်ငန်း ၄ခုရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပါတ်အတွင်း မအူပင်မြို့ဈေးကွက်၌ ဖြစ်ပေါ်နေသော မုန့်တီစိမ်း ဈေးနှုန်းမှာ မုန့်တီစိမ်း လက္ကား တစ်ပိဿာလျှင်(၂၃၀၀)ကျပ်၊  လက်လီ တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၇၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း မုန့်တီစိမ်း၊ မုန့်ဟင်းခါးဖတ်အစိမ်း တို့ကို မိမိတို့မြို့နယ် အတွင်းတွင်သာ လက်လီလက္ကား ရောင်းချလျက်ရှိကြောင်း သိရသည်။ ညှပ်ခေါက်ဆွဲလုပ်ငန်း ၁ခုသာရှိပြီး ရန်ကုန်မှ စက်ခေါက်ဆွဲများ မအူပင်မြို့နယ်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။ ရန်ကုန်စက်ခေါက်ဆွဲ ၁ပိဿာလျှင် (၂၅၀၀-၂၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မုန့်ဖတ်ရောင်းချသူများထံမှ သိရသည်။

DOCA(ဧရာဝတီ)