
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ငရုတ်သီးစိမ်း၊ ငရုတ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူစသည့် မီးဖိုချောင်သုံးပစ္စည်းတို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ်အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်တွင် ကန့်ဘလူမြို့မဈေး၌ ရောင်းချနေသော ငရုတ်သီး ခြောက်ဈေးနှုန်းများမှာ ငရုတ်သီးခြောက်(အရှည်) တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ အိန္ဒိယခြောက်(အပု) တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၇၀၀၀)ကျပ်နှင့် ငရုတ်သီးမှုန့်(၁၀)ကျပ်သားလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)