Main menu

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော စားသုံးသူကာကွယ်ရေးဆိုင်ရာကျွမ်းကျင်မှု သင်တန်းသို့ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တက်ရောက်

Powered by Drupal

      ၂၀၂၅ ခုနှစ် ဩဂုတ်လ ရက်  နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် စားသုံးသူရေးရာ စားသုံးသူကာကွယ်ရေးဆိုင်ရာကျွမ်းကျင်မှု သင်တန်းအား ကန့်ဘလူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ အရာ ထမ်း၊ အမှုထမ်းများမှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

          အဆိုပါသင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးခမ်လျန်စွမ်းမှ အဖွင့်အမှာ စကားပြောကြားရာတွင် သင်တန်းတက်ရောက်ခြင်း၏ အကျိုးကျေးဇူးများ၊ သင်တန်းတွင် အစဖော် ပေးလိုက်သည်များကို ဆက်လက်လေ့လာသင်ယူဖို့လိုကြောင်း၊ သင်တန်း ဆရာ/ဆရာမများ၏ သင်ကြားပို့ချမှုများကို မှတ်သားတတ်ဖို့လိုကြောင်း၊ ပညာသင်ယူသည့်အခါ မိမိထက်ငယ်သည်၊ ကြီးသည်ကို မခွဲခြားပဲ သင်ယူနိုင်စွမ်းရှိရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင် အတွင်း ကျွမ်းကျင်မှုရှိစေဖို့ လုပ်ငန်းနှင့်သက်ဆိုင်သည့် ဝမ်းစာပြည့်ဖို့လိုကြောင်းနှင့် စာအရေး အသားကောင်းမွန်စေဖို့ စာဖတ်ဖို့လိုမှာဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဆ ရာ/ဆရာမများက သင်တန်းချိန်()ချိန်ဖြင့် သင်ကြားခဲ့ကြောင်း၊ သင်တန်းသား/သူများမှ သင်တန်း ဆန်းစစ်ချက် မေးခွန်လွှာများဖြေဆိုခဲ့ကြပြီး တိုင်းဒေသကြီးဦးစီးမှူးမှ နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)