Main menu

ကော့သောင်းမြို့၊ မြို့မစျေးကြီးတွင် လက်လီ/လက်ကား ကုန်စုံဆိုင် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

    ၂၀၂၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ နံနက် ၉:၀၀ အချိန်တွင် ကော့သောင်းမြို့ မြို့မစျေး တာဝန်ခံ ရုံးခန်း၌  စားသုံးသူ‌ရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ(ဦးစီးအရာရှိ)သည် မြို့မစျေးကြီးအတွင်း ရောင်းချနေသည့် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ (ဦးစီးအရာရှိ) သည် လက်လီ/ လက်ကား စားသောက်ကုန်ရောင်းချနေသည့် လုပ်ငန်းရှင်များအား အခြေ ခံစားကုန် ‌ရောင်းဆိုင်များအနေဖြင့် စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန် ရည်ရွယ် ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် နည်းလမ်းဖြင့် ဖြန့်ဖြူးရောင်းချခြင်းများအား စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေး၊ သတိပေး ဆွေးနွေးပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)