Main menu

ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချနေသာ ဂန္ဓမာပန်း ဈေးနှုန်းမြင့်တက်

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာ ကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက် လျက် ရှိရာ ကျွန်းလှမြို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာ  ဂန္ဓမာပန်းပင်ကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရသည်။ ဂန္ဓမာပန်းများကို တစ်ရက်လျှင် အစည်းအရေအတွက်(၁၀၀ မှ ၁၅၀)ထိ ချိုးယူရောင်းချရပြီး တစ်ခါ စိုက်လျှင် တစ်လခွဲခန့်ကြာအောင် ခူးဆွတ်ရောင်းချရပါသည်။

ဩဂုတ်လ ဒုတိယပတ် ကျွန်းလှမြို့၏ ဂန္ဓမာပန်း ဈေးနှုန်းများမှာ ဂန္ဓမာပန်းတစ်စည်းလျှင် လက္ကား ဈေးနှုန်း မှာ(၁၃၀၀)ကျပ်ဈေးနှုန်း လက်လီ (၂၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့်ရောင်းချရလျက်ရှိပြီး   ယခင် အပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက ဂန္ဓမာပန်း ဈေးနှုန်း တစ်စည်းလျှင်(၅၀၀)ကျပ် ဈေးနှုန်းမြင့်တက်ပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ဂန္ဓမာပန်း စိုက်ပျိုး ရောင်းချသူ ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)