Main menu

မိတ္ထီလာမြို့နယ်တွင် တိုင်ထောင်ခရမ်းချဉ်စိုက်ပျိုးဖြစ်ထွန်း

Powered by Drupal

     မိတ္ထီလာမြို့နယ်သည် လယ်ယာထွက်ကုန်သီးနှံများအနက် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးလည်း စိုက်ပျိုးဖြစ်ထွန်းမှုရှိပါသည်။ ခရမ်းချဉ်ကို ယခင်က မျိုးဗမာခရမ်းချဉ် (ကျားလျာ သီး) ကိုသာ အများဆုံးစိုက်ပျိုးကြရာမှ ယခုအခါ တိုင်ထောင်ခရမ်းချဉ်မျိုးများကိုလည်း တစ်ပိုင်တစ် နိုင် (၀.၅) ဧက၊ (၀.၇၅) ဧက မှစ၍ တိုးချဲ့ စိုက်ပျိုးလာသည်ကို တွေ့ရသည်။

          တိုင်ထောင်ခရမ်းချဉ်မျိုးကို စိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုးစေံ (၁၅၀၀) စေ့ပါ “ ၁၁၁” တံ ဆိပ် (၅) ထုပ်နှုန်းဖြင့် စိုက်ပျိုးရပြီး၊ မြေဩဇာအနေဖြင့် တစ်ဧကလျှင် ကြက်ဈေးမြေဩဇာ (၅၀) ထုပ် ခန့် အသုံးပြုရသည်။ မြေပြင်ခြင်းအတွက် စက်ထယ်၊ထွန်ခမှာ (၅၀၀၀၀) ကျပ်နှုန်းဖြင့် ထယ်ထိုးရပြီး၊ စိုက်ပျိုးပြီးနောက် အပင်ကိုတိုင်ထောင်ခြင်းအတွက် အသုံးပြုမည့် တိုင်ကို နွေရာသီ ယာမြေများအား တောမီးရှို့ချိန်တွင် တိုင်တစ်တိုင် (၁၅၀) ကျပ်နှုန်းဖြင့် ခုတ်ယူခြင်းဖြင့် စရိတ်သက်သာအောင် ပြုလုပ် ရကြောင်း၊ ကြက်ခြေးတစ်အိတ်လျှင် (၇၀၀၀) ကျပ် ၊ မျိုးစေ့တစ်အိတ်လျှင် (၃၄၀၀၀) ကျပ်တို့ဖြင့် ဝယ်ယူရခြင်း၊ တိုင်ထောင်ခြင်း၊ ကြိုးချည်ခြင်းစသည်တို့ကို ပြုလုပ်နေသဖြင့် လုပ်သားအင်အား အသုံး ပြုမှုများကြောင်း၊ မိုးရာသီ မေ၊ဇွန်၊ဇူလိုင်လများ၌ စိုက်ပျိုးခြင်းဖြစ်သော်လည်း မိုးရွာသွန်းမှုအပေါ် မူတည်ပြီး၊ မြေအစိုဓါတ်နည်းပါက ရေသွင်းခြင်းတို့ ပြုလုပ်ပေးရကြောင်း၊ အပင်သက်တမ်း ရက် (၇၀) ကြာလျှင် စတင်ခူးဆွတ်နိုင်ပြီး၊ ခူးဆွတ်ကာလမှာ (၂) ပိဿာ ကျော်ထွက်ရှိကြောင်း သိရသည်။

          မိတ္ထီလာမြို့နယ်၊ ဂွေ့အိုင်အုပ်စု၊ မိုးကောင်းစွာရှိ တိုင်ထောင်ခရမ်းချဉ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူ၏ ပြောကြားချက်အရ ယခုနှစ်တွင် တိုင်ထောင်ခရမ်းချဉ်သီး တစ်ပိဿာ ကုန်ကျစ ရျတ်မှာ (၆၀၀) ကျပ် ရှိကြောင်းမှစ၍ အသီးစတင်ခူးဆွတ်စဉ်၌ အသီးအရွယ်အစားညီပြီး အလုံးလှ ကြောင်း၊ နောက်ပိုင်းတွင် အသီးအရွယ်အစား မညီညာသည့်အတွက် ဈေးနှုန်းရရှိမှု မတူညီကြောင်း သိရသည်။

          ယခုအခါ (ဩဂုတ်လဆန်း)  တိုင်ထောင်ခရမ်းချဉ်ကို မိတ္ထီလာမြို့၊ မြို့မဈေးအပြင်တန်း (ဖြိုးဝေ တန်း) ရှိ ပွဲရုံများသို့ တစ်ပိဿာ (၂၀၀၀) ကျပ်ဖြင့် သွင်းရကြောင်း၊ ခရမ်းချဉ်ဈေးမှာ ယခုကဲ့သို့ ဈေး ကောင်းဆက်လက်ရရှိမည်ဆိုပါက အကျိုးအမြတ်များမည်ဖြစ်ကြောင်း ခရမ်းချဉ်စိုက် တောင်သူများထံ မှ သိရသည်။

DOCA (မန္တလေး)