Main menu

မိတ္ထီလာမြို့နယ်တွင် နန်းမြင့်မိုရ် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူး၊ ဒေါ်မြို့ရီ (ဦးစီးအရာရှိ)သည် ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ၆ ရက်နေ့တွင် နံနက် (၁၁:၀၀) ချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ နန်းမြင့်မိုရ်ဆန်ဆိုင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

          အဆိုပါ ဆွေးနွေးပွဲတွင် My ro တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ဆောင်ရွက်ခြင်းနှင့် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ My ro  တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ My ro တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်  လျှင် Online စနစ်ဖြင့် မှတ်ပုံတင်ဆာင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆန်တန်ချိန် (၂၅) တန်နှင့်အထက် (သို့) စပါးတန်ချိန် (၂၅၀၀) နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုး ပိုင်ဆိုင်သူများအနေနှင့် www.myro. com.mm တွင် မှတ်ပုံတင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့ နောက်ပိုင်းတွင် ဆန်တန်ချိန် (၂၅) တန်နှင့်အထက် စပါးတင်း (၂၅၀၀) နှင့်အထက် သိုလှောင်သည့် မည်သည့်လုပ်ငန်းရှင်မဆို My ro တွင် ဆန်စပါးသိုလှောင်ရုံကို မှတ်ပုံမတင်ထားလျှင် အမိန့်ကြောငြာ စာအမှတ် (၈၂/၂၀၂၄) အရ စီမံခန့်ခွဲမှုဆိုင်ရာချမှတ်ခံရမည်ဖြစ်ကြောင်းနှင့် ပြစ်ဒဏ်များအကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)