Main menu

ကျွန်းလှမြို့၏ ‌ပဲလင်းမြွေသီးနှင့် သခွားသီး ဈေးနှုန်း

Powered by Drupal

ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်တွင် စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်သီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး  တို့ကို စိုက်ပျိုး သည့်အနက် ဗုံလုံသီး (ခေါ်)ပဲလင်းမြွှေသီးများကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ယခု ဩဂုတ်လ ဒုတိယအပတ်တွင် ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီး ဈေးနှုန်းများမှာ ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေသီး အကြီး တစ်တောင့်လျှင် လက်လီဈေး(၈၀၀)ကျပ်၊ အလတ် တစ်တောင့်လျှင် လက်လီဈေး (၆၀၀)ကျပ် နှင့် အသေး တစ်တောင့်လျှင် လက်လီဈေး(၄၀၀)ကျပ် အလားတူပင် သခွားသီး ဈေးနှုန်း အနေဖြင့် ဒေသထွက် ရိုးရိုး ဗမာသခွားသီး အကြီး(၁)လုံးလျှင်(၈၀၀)ကျပ် နှင့် အလတ်(၁)လုံးလျှင် (၆၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် အပတ်ထက် ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီး နှင့် သခွားသီး ဈေးနှုန်း အနည်းငယ်စီ ကျဆင်းပြီး  အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)