Main menu

ဝန်ထမ်းများအား ပဲဆီသန့်များလှူဒါန်း

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် (၆.၈.၂၀၂၅)ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင် မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးရှိ ငလျင်ဒဏ်သင့် ဝန်ထမ်းများအား မန္တလေးတိုင်းဒေသကြီး ဆီစက်ပိုင်ရှင်များ အသင်းမှ  ပဲဆီသန့်လှူဒါန်းပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။  မန္တလေးတိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် မန္တလေးတိုင်းဒေသကြီး ဆီစက်လုပ်ငန်းရှင်များ အသင်း၏ လုပ်ငန်းစဉ်များအပေါ်တွင် မသမာမှု အလွဲသုံးစားပြုလုပ်မှုများ မပေါ်ပေါက်စေရေး နှင့် ဒေသတွင်းဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး အသင်းအနေဖြင့်လည်း ဌာန၏ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးမှုများအပေါ် ကျေးဇူးတင်ရှိသည့်အနေဖြင့် ငလျင်ဒဏ်သင့် ဝန်ထမ်းများ အတွက် တစ်ဖက်တစ်လှမ်းမှ ကူညီထောက်ပံ့မှုဖြစ်စေရေး ယခုကဲ့သို့ လှူဒါန်းထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

     DOCA (မန္တလေး)