Main menu

ခါကြက်ဥ နှင့် မုန်ညင်းထုတ် ဈေးနှုန်းများ

Powered by Drupal

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခါကြက်ဥ(ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင်ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။

     ခါကြက်ဥများကို ခါကြက်ဥ(တရုတ်)နှင့်ခါကြက်ဥ(ဗမာ)ဟူ၍ ခါကြက်ဥ(၂)မျိုးရောင်းချလျက်ရှိရာ ယခုအချိန်တွင် ဒေသတွင်း ထွက်ရှိသည့် ခါကြက်ဥ(ဗမာ)ဥများ ရှားပါးလာသည့် အချိန်ဖြစ်၍ တရုတ် ခါကြက်ဥကို မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။

    ယခု ဩဂုတ်လ ဒုတိယအပတ်၌ သစ်ရာမြိုင်ဈေးအတွင်း ရောင်းချလျက်ရှိသော  ခါကြက်ဥ ဈေးနှုန်းမှာ ခါကြက်ဥ(တရုတ်)တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၅၀၀)ကျပ်နှင့် ခါကြက်ဥ(ဗမာ)ဥ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း၊ အလားတူပင်  မုန်ညင်းထုတ် ဈေးနှုန်းများမှာ မုံညှင်းထုတ် တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ (၂၅) ကျပ်သားလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက ဈေးအနည်းငယ်မြင့်တက် လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)