
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြရာ စားဖိုဆောင်သီးနှံဖြစ်သည့်များကို တစ်ပိုင်တစ်နိုင် မိမိပိုင်ယာမြေများနှင့် အိမ်ခြံမြေ များတွင် စိုက်ပျိုးကြပါသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်တွင် မြသလ္လာဈေးအတွင်းဖြစ်ပေါ်နေသော ခါကြက်ဥ ဈေးနှုန်းမှာ ခါကြက်ဥ ဥကြီး တစ်ပိဿာလျှင်(၃၈၀၀)ကျပ်၊ ခါကြက်ဥ ဥသေး တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ သခွားသီး ဈေးနှုန်းအနေဖြင့် အသေးတစ်လုံးလျှင် (၂၅၀)ကျပ်၊ အကြီးတစ်လုံးလျှင် (၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံ ရောင်းချသူများထံမှ သိရသည်။
DOCA(စစ်ကိုင်း)