Main menu

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ရွှေဝင်းဝါ အာလူးကြော်လုပ်ငန်းအား ကွင်းဆင်းစိစစ်”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ များသည် သြဂုတ်လ(၄)ရက်နေ့တွင် ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး(၅)ရှိ ရွှေဝင်းဝါ အာလူးကြော် လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာ ပါဝင်မှုရှိစေရေး ၊ ( Pre Market )ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကိုနှင့်ပြင်ဦးလွင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည် ။ ထိုသို့ စစ်ဆေးရာတွင် ရွှေဝင်းဝါအာလူးကြော်လုပ်ငန်းရှင်အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက်အလက် များအား ရှင်းလင်းဆွေးနွေးခြင်း နှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ) ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊အရေအတွက်နှင့်အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံနည်းလမ်း နှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက် နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာ နှင့် အခြားဘာသာ တစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များ ဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက် သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။   

 DOCA (မန္တလေး)