စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ခရိုင်ဦးစီးမှူးဒေါ်စုစုထွန်း ဦးဆောင်၍ မင်းဘူးမြို့နယ်တာဝန်ခံ ဦးမြင့်ကြည်နှင့်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအဖွဲ့သည် (၂၅.၈.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် အမှတ်(၄)ရပ်ကွက်ရှိ “ရတီ” အာလူးကြော် လုပ်ငန်းသို့ ပြည်တွင်းတစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။
အာလူးကြော်ပြုလုပ်ပုံ အဆင့်ဆင့်မှာ ရွှေဝါရောင်အာလူးများကို ဈေးကွက်အတွင်းမှ ရွေးချယ်ဝယ်ယူရကြောင်း၊ လက်ရှိအာလူး(၁)ပိဿာ ဝယ်ဈေး (၂၃၀ဝိ/-) ဖြစ်ပြီး၊ မြေပြာသီး(မိုးသီး)သည် အရောင်းမလှ၍ ရောင်းတန်းမဝင်သဖြင့် ရွှေဝါရောင်အာလူးသီးကို အသုံးပြုရကြောင်း သိရှိရပါသည်။ ပထမဆုံးအာလူးအားသန့်စင်အောင်ရေဖြင့် ရေဖြင့်ဆေးပြီး ပါးပါးလှီးပါကြောင်း၊ ရရှိလာသော အာလူးချပ်များအား အရောင်လှစေရန် ထုံးကြတ်ရေဖြင့် စိမ်ထားရကြောင်း၊ ထုံးရေစိမ်ပြီး အာလူးများအားရေစင်အောင်စစ်ပြီး ဆီအိုးဖြင့် ကြော်ရကြောင်း၊ အားလူး(၁)ပိဿာကြော်လျှင် (၃၅)ကျပ်သား ထွက်ရှိကြောင်း၊ ရောင်းတန်းအထုတ်(၂၀)ခန့် ထွက်ရှိပြီး (၁)ထုတ်လျှင်ဖောက်သည် ဈေး(၅၀ဝိ/-) ခန့်ရရှိကြောင်း သိရှိပါသည်။ အာလူး(၁) ပိဿာကြော်ရန် စားအုန်းဆီ(၄၅-၅၀)ကျပ်သားခန့် ထည့်ရပါကြောင်း၊ စားအုန်းဆီ(၁)ပိဿာလျှင် (၉၀၀ဝိ/-)ပေါက်ဈေးရှိပြီး အာလူး(၁၀)ပိဿာကို ဆီ(၅)ပိဿာခန့် ကုန်ပါကြောင်း၊ ယခုအခါ အရောင်းအဝယ်နည်းပါးသဖြင့် မိသားစု တစ်ပိုင်တစ်နိုင် လုပ်နေရပါကြောင်း၊ မန်းရွှေစက်တော် ဘုရားပွဲတော်အချိန်တွင် လှိုင်လှိုင်ရောင်းချရပြီး လုပ်သားငှားရမ်းရသဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပါကြောင်း၊ အားလူး(၁) ပိဿာလျှင်(၂၃၀ဝိ/-)ဖြင့်အားလူး(၁၀) ပိဿာအတွက်(၂၃၀၀ဝိ/-)၊ ဆီ(၅)ပိဿာဖိုး (၄၅၀၀ဝိ/-)၊ ထင်းမီးနှင့်လုပ်အားခအပါ စုစုပေါင်း ကုန်ကျငွေ (၇၅၀၀ဝိ/- မှ ၈၀၀၀ဝိ/-) ကုန်ကြပြီး အာလူး(၁၀) ပိဿာလျှင် ရောင်းတန်းအထုပ် (၂၀၀)ခန့်ထွက်ရှိပြီး (၁)ထုပ်လျှင်(၅၀ဝိ/-)နှုန်းဖြင့် ဖောက်သည်ပေးသွင်းသဖြင့် အထုပ်(၂၀၀) အတွက် တန်းဖိုးငွေ (၁၀၀၀၀ဝိ/-)ရရှိပါကြောင်း၊ အသားတင်အမြတ်ငွေ (၂၀၀၀ဝိ/-)အမြတ်ရရှိပြီး ဆီဈေးနှုန်းကျဆင်းပြီး ဈေးကွက်အတွင်း လုံလောက်စွာ ဝယ်ယူရရှိပါက အာလူးကြော်ထုပ်များတွင် အလေးချိန်ပိုတိုးထည့်နိုင်မည်ဖြစ်ပြီး ယခုထက်ပို၍ တွက်ချေကိုက်ပြီး လုပ်ငန်းလည်းပိုမို အဆင်ပြေနိုင်ကြောင်း လေ့လာသိရှိရပါသည်။
DOCA(မကွေး)