Main menu

ရာသီပေါ်သီးနှံ ကျွဲကော်သီး

Powered by Drupal

         ပြည်ဈေးကွက်သို့ ယခုအချိန် ကျွဲကော်သီးများ ရွှေတောင်ဘက်မှ ဝင်ရောက်လာသည်ကို တွေ့ရှိ ရပါသည်။  ကျွဲကော်ပင်သည် နှစ်ရှည်မျိုးဖြစ်သည့်အတွက် ယခုလို မိုးတွင်းကာလတွင် ကျွဲကော်သီးများ ပေါ်ထွက်လာ၍ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ကျွဲကော်သီးမှာ အဝါရောင် အသီးနှင့် ပန်းရောင်အသီးဟူ၍ နှစ်မျိုးရှိပါသည်။ ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော တောင်လုံးညိုရွာ၊ မင်းရွာ တို့တွင် လူနေအိမ်ဝန်းအတွင်း တစ်အိမ်လျှင် ၅ပင် ၆ပင်အထိ စိုက်ပျိုး ကြပါသည်။ ဈေးကွက်အတွင်းရှိကျွဲကော်သီးများမှာ ဝါဆိုသီးဟုခေါ်ဆိုပြီး သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလများတွင် ကျွဲကော်သီးများ လှိုင်လှိုင်ထွက်ပေါ်ကြောင်း သိရှိရပါသည်။ ဈေးနှုန်း အနေဖြင့် ကျွဲကော်သီး အလုံးကြီး တစ်လုံးလျှင် ၁၀၀၀ကျပ်၊ အလုံးသေးတစ်လုံးလျှင် ၇၀၀ကျပ်ဖြင့် ပြည်ဈေးကွက်နှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချ လျှက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)