Main menu

ကန့်ဘလူမြို့မဈေးတွင်  ရောင်းချလျက်ရှိသော ရာသီစာငှက်စွပ်မှိုနှင့် တောမှို

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင်  စိုက်ပျိုးထုတ်လုပ်ရောင်း ချသော စိုက်ပျိုးရေးမှို၊ ကောက်ရိုးမှိုစသော မှိုများနည်းတူ သဘာဝငှက်စွပ်မှိုများ ရောင်းချလျက် ရှိကြောင်း ငှက်စွပ်မှိုသည် နေရာတိုင်းတွင် ပေါက်လေ့မရှိ မြေဆွေးနှင့် မြေဆီဩဇာကောင်းသည့် နေရာများ၌ပေါက်လေ့ရှိကြောင်း၊ ယခုလအတွင်း မိုးရွာသွန်းမှုများသောကြောင့် တောမှိုများလှိုင်လှိုင် ထွက်ရှိနေကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ငှက်စွပ်မှို(၁၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၅၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၂၀၀၀၀မှ ၂၅၀၀၀)ကျပ်အထိ ဈေးကောင်း ရရှိနေကြောင်း၊ ငှက်စွပ်မှိုသည် ဈေးကြီးသော်လည်း အခြားမှိုများနှင့် အရသာပိုမိုကောင်းမွန် ကြောင်း၊ တောမှို(၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ (၁)ပိဿာ(၁၀၀၀၀မှ ၁၂၀၀၀)ကျပ်ဖြင့် ရောင်းချ ရကြောင်း၊ ကန့်ဘလူမြို့မဈေးရှိ မှိုရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)