Main menu

၂၀၂၅ခုနှစ် ဩဂုတ်လ ပထမပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက် နှင့် စီးဆင်းမှု အခြေအနေ

Powered by Drupal

  ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ယခုတစ်ပတ်ပြောင်းသီးနှံမှာ တစ်ပိဿာ လျှင်(၁၄၇၅-၁၄၈၀)ကျပ်ဖြင့်ဝယ်လက်ကောင်းလာသဖြင့်ဈေးအနည်းငယ်တက်လာပြီး ကုန်လက် ကျန်နည်းပါးမှုကြောင့် စီးဆင်းမှုမှာ လျော့နည်းနေပါသည်။

          ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁- ၄၅၀၀ကျပ်၊ ထူး ၂- ၅၅၀၀ကျပ်၊ ထူး ၃-၆၀၀၀ ကျပ်၊ ထူး ၄-၇၅၀၀ကျပ်၊ ထူး ၅-၈၀၀၀ကျပ်၊ ထူးလွန်-၈၅၀၀ကျပ် နှင့် ဥတစ်လုံးဆိုဒ်မှာ ၂၀၀၀၀ကျပ်ဈေးရှိနေကြပြီး အရည်အသွေးကောင်းသဖြင့် ဈေးတက်လာပြီး ဈေးကွက်အဝင်နည်းမှုကြောင့် စီး ဆင်းမှုမှာ ပုံမှန်ဖြစ်နေပါသည်။

          အာလူးသီးနှံမှာ တစ်ပိဿာလျှင် မျက်နီ- ၄၅၀၀ကျပ်၊ OK- ၃၅၀၀ကျပ်၊ ဆွဲသီး- ၃၀၀၀ကျပ်၊ ဂေါ်လီဆိုဒ်-၂၀၀၀ကျပ်၊ မားကီး S2-S1မှာ ၄၈၀၀ကျပ် ဈေးပေါက်နေကြပြီး ဈေးကွက်အဝင်များ ရန် ကုန်၊ ကျောက်ပန်းတောင်းဒေသများမှ ဝယ်လက်ကောင်းသဖြင့် စီးဆင်းမှုမှာ များနေပါသည်။

          ချင်းသီးနှံမှာ ချင်းဥမအကြီးတစ်ပိဿာလျှင်(၁၅၀၀-၁၇၀၀)ကျပ် နှင့် ဥမအလတ်မှာ (၈၀၀-၁၀၀၀)ကျပ်ဖြင့် ဈေးကွက်အဝင်များ ဈေးငြိမ်လျက်ရှိပြီး ရန်ကုန်၊ ပျော်ဘွယ်ဒေသများသို့ တင်ပို့မှုများ သဖြင့် စီးဆင်းမှုမှာအနည်းငယ်ပိုလာပါသည်။

          ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ(၈၀၀-၁၀၀၀)ကျပ်၊ ပန်းမုံလာ(၁၇၀၀-၂၂၀၀)ကျပ်၊ ရွှေပဲ (၁၆၀၀၀-၁၈၀၀၀)ကျပ်၊ မုန်ညှင်း(၃၅၀၀-၃၇၀၀)ကျပ်၊ ဖရုံသီး (၁၃၀၀-၁၅၀၀)ကျပ်၊ ခရမ်းသီး (၂၅၀၀-၂၈၀၀)ကျပ်၊ ခရမ်းချဉ်သီး (၁၃၀၀-၂၀၀၀)ကျပ်၊ ငရုတ်ပွ (၆၀၀၀-၆၅၀၀)ကျပ်၊ မုန်လာဥနီ (၃၀၀၀-၃၅၀၀)ကျပ်၊ ဘိုစား (၄၀၀၀-၄၅၀၀)ကျပ် အသီးသီးဈေးရှိနေကြပြီး ကုန်စိမ်းသီးနှံများမှာ  ဒေသစုံမှ ဝယ်လက်ကောင်းသဖြင့် ဈေးမြင့်တက်နေပြီး ရွှေပဲသီးနှံ နှင့် ငရုတ်ပွမှာ ဈေးကွက်အဝင် နည်းမှုကြောင့် ဈေးသိသိသာသာတက်လာကာ စီးဆင်းမှုမှာ အနည်းငယ်ပိုလာပါကြောင်း လေ့လာ သိရှိရပါသည်။

DOCA(ရှမ်း)