Main menu

ကန့်ဘလူမြို့မိုးမလင်းဈေးတွင် ရောင်းချနေသော စားတော်ပဲပြုတ်နှင့် ပဲနီရေပွဈေးနှုန်း

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ပေါ်ရပ်ကွက်များမှ ပြည်သူများသည် မိသားစုစားဝတ်နေ ရေးအဆင်ပြေစေရန်နှင့် အပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းများအပြင် စွန်တာနီ(ခေါ်)ပဲနီနှင့် စားတော်ပဲတို့ကိုပြုတ်၍ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိ နေကြောင်း သိရှိရသည်။

          မြန်မာလူမျိုးတို့သည် နံနက်စာ ထမင်းဆီဆမ်းပူပူလေးနှင့် စားတော်ပဲပြုတ်ကို တွဲဖက်စားသုံး ကြသလို ကောက်ညှင်းပေါင်းနှင့်လည်း တွဲဖက်စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ် အတွင်းအရောင်းအဝယ်ဖြစ်နေသော စွန်တာနီပဲ(ခေါ်)ပဲနီရေပွ(၁)ပြည်လျှင် (၄၇၀၀)ကျပ်၊ နို့ဆီဗူး(၁) ဘူးလျှင်(၆၀၀)ကျပ်နှင့် စားတော်ပဲပြုတ် (၁)ပုဂံလျှင်(၃၀၀)ကျပ်၊ (၂)ပုဂံလျှင် (၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  စားတော်ပဲပြုတ်ကို လဖက်ရည်ဆိုင်များနှင့် စားသုံးသူများကဝယ် ယူအသုံးပြုလျက်ရှိကြောင်း၊ ပဲနီရေပွနှင့် စားတော်ပဲပြုတ်တို့ကို ရပ်ကွက်နှင့်ကျေးရွာများတွင် စက်ဘီး၊ ဆိုင်ကယ်တို့ဖြင့် လှည့်လည်ရောင်းချသူများအား ဖောက်သည်ပေးရသည့်အတွက် နေ့စဉ်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)