
ပြည်ပတင်ပို့မှု အားကောင်းခြင်းနှင့် သိုလှောင်မှုလက်ကျန်ဖိအား လျော့ပါးသက်သာလာ ခြင်းတို့အရ မလေးရှား၏ စားအုန်းဆီလုပ်ငန်းသည် ရှေ့လာမည့် အနီးကပ်ကာလတွင် ဆက်လက် အားကောင်းနေမည်ဟု မျှော်လင့်ထားကြောင်း Fast markets Palm Oil Analytics မှ အကြီးတန်း လေ့လာဆန်းစစ်သူ Mr. Sathia Varqa က ပြောကြားခဲ့သည်ဟု မလေးရှားနိုင်ငံပိုင် Bernama သတင်းအေဂျင်စီက ဩဂုတ်လ ၂၇ ရက်နေ့တွင် ဖော်ပြပါသည်။
ကမ္ဘာ့ကုန်သွယ်ရေး မရေရာမှုများနှင့် အမေရိကန်နိုင်ငံ၏ ရှင်းလင်းပြတ်သားမှုမရှိသော ဇီဝလောင်စာထုတ်လုပ်မည့် မူဝါဒများကြောင့် စားအုန်းဆီကြမ်း (CPO) စျေးနှုန်းများသည် တစ် တန်လျှင် မလေးရှားရင်းဂစ် ၄၂၀၀ နှင့် ၄၅၀၀ အကြား၌ ဆက်လက်မြင့်မားနေဖွယ်ရှိကြောင်း၊ ထို့အပြင် စီးပွားရေးအင်အားကြီးနိုင်ငံများတွင် သွင်းကုန်အခွန်အခများနှင့် ကုန်သွယ်မှု အတား အဆီးများ ချမှတ်ခြင်းသည် ပြိုင်ဆိုင်မှုရှိသော စားသုံးဆီ စီးဆင်းမှုများကို အနှောင့်အယှက်ဖြစ်စေ ကြောင်း၊ အဓိကဈေးကွက်များ၌ ရောင်းလိုအား တင်းကျပ်မှု၊ ဆိုးကျိုးအန္တရာယ်အများဆုံး ဖြစ်ပေါ် နိုင်ခြေတိုးမြင့်လာမှုနှင့် စားအုန်းဆီကြမ်းစျေးနှုန်းများ အရှိန်အဟုန်ကိုမြှင့်တင်ပေးသော မှန်းဆ ဝယ်ယူမှုများကိုလည်း ဖြစ်ပေါ်စေကြောင်း Mr. Sathia Varqa က ပြောကြားခဲ့သည်။
ထင်ရှားသော ဥပမာတစ်ခုအနေဖြင့် တရုတ်နိုင်ငံ၌ ကနေဒါမုန်ညှင်းဆီအပေါ် စုပုံဝင် ရောက်မှု တိုက်ဖျက်ရေးအခွန် (Anti-dumping duties) စည်းကြပ်ရန် အစိုးရ၏ လုပ်ဆောင်မှု သည် ပြည်တွင်းရှိ ကုန်စည်ဒိုင်များတွင် ပဲပုပ်ဆီ ကြိုပွိုင့်ဈေးနှုန်းများကို မြင့်တက်လာစေရန် တွန်းအားဖြစ်စေခဲ့ကြောင်း၊ ကုန်သည်များအနေဖြင့် ဟင်းသီးဟင်းရွက်ဆီဈေးကွက် တစ်လျှောက် ဆီအမျိုးအစားအလိုက် နေရာရယူမှုကို ပြန်လည်ချိန်ညှိမှု လုပ်ဆောင်ကြသဖြင့် မုန်ညှင်းဆီ ဈေးနှုန်းမြင့်တက်မှုသည် စားအုန်းဆီကြိုပွိုင့် ဈေးနှုန်းများအပေါ် မြန်ဆန်စွာ ရိုက်ခတ်ပျံ့နှံ့ခဲ့ ကြောင်း Mr. Sathia က Bernama သတင်းဌာနသို့ ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ၏ သန့်ရှင်းသော လောင်စာဆီထုတ်လုပ်မှု အစီအစဉ် (45Z Programme) မှတစ်ဆင့် ဇီဝလောင်စာမူဝါဒများ ပြောင်းလဲဖော်ဆောင်မှုသည် သွင်းကုန်ထက် ပြည်တွင်းထုတ် ကုန်ပစ္စည်းများကို ဦးစားပေးခြင်းဖြင့် စားသုံးဆီဈေးကွက်ကို ပြောင်းလဲစေခဲ့ကြောင်း၊ အမေရိကန် နိုင်ငံတွင် ပဲပုပ်ဆီသည် ဇီဝဒီဇယ်ထုတ်လုပ်မှုအတွက် အဓိကကုန်ကြမ်းဖြစ်၍ ပဲပုပ်ဆီကို ရောနှော အသုံးပြုမည့် ယခုဇီဝဒီဇယ်မူဝါဒပြောင်းလဲမှုက ပဲပုပ်ဆီဈေးနှုန်းကို မြင့်တက်စေခဲ့ကြောင်း၊ ပဲပုပ် ဆီဈေးနှုန်း ခိုင်မာမှုသည် စားအုန်းဆီဈေးနှုန်းအပေါ် ထပ်ဆင့်သက်ရောက်လျက်ရှိပြီး ပိုမို ကျယ်ပြန့်သော စားသုံးဆီဈေးကွက်တွင် စားအုန်းဆီကြမ်းဈေးနှုန်းကို လိုက်ပါမြင့်တက်စေလျက် ရှိကြောင်း၊ အိန္ဒိယနိုင်ငံ၌ ပွဲတော်ရာသီအကြိုကာလ ဝယ်လိုအားကောင်းမွန်မှုအရ စားအုန်းဆီ တင်ပို့မှု အားကောင်းလျက် ရာသီအလိုက် ကုန်စည်ပြန်လည် ဖြည့်တင်းနိုင်မှုက လာမည့်လများ အတွင်း စားအုန်းဆီ သင်္ဘောတင်ပို့ဆောင်မှုအတွက် ခိုင်မာသောအထောက်အပံ့ပြုပေးနိုင်မည်ဟု မျှော်လင့်ရကြောင်း ၎င်းကပြောကြားခဲ့သည်။
စားအုန်းဆီလက်ကျန် တန်ချိန်နှစ်သန်းအထက် ရောက်ရှိမှုသည် ကာလတို၌ ရောင်းလို အားနှင့် ဝယ်လိုအားတို့ ပြောင်းလဲမှု၏ ယာယီရလဒ်ကို ထင်ဟပ်နေကြောင်း၊ လက်ရှိ သိုလှောင်မှု လက်ကျန်ပမာဏ မြင့်မားနေသည့် အခြေအနေသည် ထုတ်လုပ်မှုပိုလျှံနေသည်ဟု ညွှန်ပြခြင်း မဟုတ်ကြောင်း၊ မလေးရှားနိုင်ငံ၏ ဆီအုန်းစိုက်ဧရိယာမှာ ၂၀၁၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဟက် တာ ငါးသန်းတွင် တည်ငြိမ်လျက်ရှိပြီး ထုတ်လုပ်မှု တိုးတက်ခြင်း ရပ်တန့်နေသောကြောင့်ဖြစ် ကြောင်း၊ မကြာမီကာလတွင် စားအုန်းဆီထုတ်လုပ်မှုသည် အမြင့်မားဆုံးသို့ ရောက်ရှိလျက် ရာသီအလိုက် ဖြစ်ပေါ်လေ့ရှိသော ပုံစံများနှင့် ကိုက်ညီစွာ ၂၀၂၅ ခုနှစ် စတုတ္ထ သုံးလပတ်တွင် ပြန်လည်ကျဆင်းမည်ဟု မျှော်မှန်းရကြောင်းဖြင့် Mr. Sathia က ပြောဆိုထားသည်။
မလေးရှားနိုင်ငံ၏ စားအုန်းဆီ သိုလှောင်မှုမှာ ဇူလိုင်လတွင် ၅ လဆက်တိုက် မြင့်တက်ခဲ့ပြီး ၂ နှစ်ခန့် ကာလအတွင်း အမြင့်ဆုံးဖြစ်ခဲ့ရာ ထုတ်လုပ်မှုက တင်ပို့မှုထက် ကျော်လွန်လျက်ရှိသည် ဟု မလေးရှား စားအုန်းဆီဘုတ်အဖွဲ့ (MPOB) ၏ အချက်အလက်များအရ သိရှိရကြောင်း မလေးရှားနိုင်ငံပိုင် Bernama သတင်းအေဂျင်စီက ဖော်ပြထားပါသည်။
Source: Bernama, 24th Aug 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)