Main menu

ရွှေတောင်မြို့နယ်တွင် မိုးမြေပဲများစတင်ထွက်ပေါ်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ဩဂုတ်လတွင် မိုးမြေပဲများ စတင်ထွက် ပေါ်နေပြီဖြစ်သဖြင့် မိုးမြေပဲစိုက်ပျိုးထွက်ရှိမှု၊ အကျိုးအမြတ်နှင့် ဈေးနှုန်းဈေးကွက် အခြေအနေတို့အား သိရှိနိုင်ရန် ရွှေတောင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ကွင်းဆင်းဆွေးနွေး လေ့လာခဲ့ပါသည်။

      စားသုံးသူရေးရာဦးစီးဌာန ရွှေတောင်မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့်ဝန်ထမ်းများသည် မိုးမြေပဲများစတင်ထွက်ပေါ်နေပြီဖြစ်သော ဆိတ်ကြီးအုပ်စု၊ ဆိတ်ကြီးကျေးရွာသို့ (၂၆.၈.၂၀၂၂) နေ့ နေ့လယ် (၁:၃၀) အချိန်တွင် သွားရောက်၍ သွားရောက်၍တွေ့ဆုံဆွေးနွေးမေးမြန်းခဲ့ပါသည်။ ရွှေတောင်မြို့နယ်အနေဖြင့် မိုးမြေပဲစိုက်ဧက (၉၃၁၂) ဧကရှိပြီး ဆိတ်ကြီးအုပ်စုတွင် (၂၉၂)ဧက စိုက်ပျိုးပြီးဖြစ်ပါသည်။ ၎င်းတွင် မိုးမြေပဲစိုက်ဧက(၃)ဧကရှိပြီး ယခုအချိန်တွင် မိုးမြေပဲများ စတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ မိုးမြေပဲကို ဇွန်လဆန်းတွင် စတင်စိုက်ပျိုးပြီး ဩဂုတ်လတွင် စတင်ထွက်ပေါ်လာသဖြင့် မြေပဲသက်တမ်းမှာ (၃)လရှိပါသည်။ မိုးမြေပဲမှာ တစ်ဧက အထွက်နှုန်း အနေဖြင့် တင်း(၅၀)ခန့်ထွက်ရှိပြီး တစ်ဧကကုန်ကျစရိတ်မှာ (၅)သိန်းကျော်ရှိပါသည်။ မြေပဲတောင့် ဈေးမှာ တစ်တင်းလျှင် ၂၈၀၀၀ကျပ်ခန့်ရှိပြီး မြေပဲဆန်ဈေးမှာ တစ်ပိဿာလျှင် ၆၂၅၀ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ ယခင်နှစ်တွင် မြေပဲဆန်ဈေးမှာ တစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြင့် ရောင်းချရသဖြင့် ယခုနှစ်နှင့်နှိုင်းယှဉ်လျှင် တစ်ပိဿာကို ထက်ဝက်ကျော်ခန့် ဈေးမြင့်တက်လာခဲ့ပါသည်။ တောင်သူအကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ယခင်နှစ်တွင်(၆)သိန်းကျော်ရရှိပြီး ယခုနှစ်တွင် (၁၅)သိန်းဝန်းကျင်ခန့် ရရှိသဖြင့် အကျိုးအမြတ်ပါပိုမိုလာသည်ဟုသိရှိရပါသည်။

         မိုးမြေပဲစိုက်ပျိုးသူတောင်သူများအနေဖြင့် ယခုနှစ်တွင် သွင်းအားစု ဈေးများမြင့်တက်လာသလို မြေပဲဆန်ဈေးများလည်း မြင့်တက်လာသဖြင့် ယခုနှစ်တွင် တောင်သူများ အကျိုးအမြတ်ပိုမိုရရှိသည်ဟု သိရှိရပါသည်။

DOCA(ပဲခူး)