Main menu

ကန့်ဘလူမြို့သစ်သီးဈေးကွက်၌ ဈေးနှုန်းမြင့်တက်နေသော  နာနတ်သီး

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့သစ်သီးဈေးကွက်သို့ မြစ်ကြီးနားဒေသ ထွက်နာနတ်သီးများနှင့် မန္တလေးသစ်သီးဈေးကွက်မှ နာနတ်သီးများ ဝင်ရောက်လျက်ရှိကြောင်း ယခုပတ်အတွင်း နာနတ်သီးဝင်ရောက်မှု များသောကြောင့် ဈေးအနည်းငယ်ကျသွားကြောင်း သစ်သီး ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။ ကန့်ဘလူသစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း မန္တလေးနာနတ် သီး(၁)လုံးလျှင် (၃၀၀၀မှ ၄၀၀၀)ကျပ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း မြစ်ကြီးနားသီး(၁)လုံးလျှင် (၄၅၀၀မှ ၅၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ နာနတ်သီးသည် ရာသီပေါ်အသီးတစ်မျိုး ဖြစ်သည့်အတွက် ဝယ်ယူစားသုံးသူများပြား၍ နာနတ်သီးများ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)