Main menu

“ဆန်စျေးနှုန်းတည်ငြိမ်ရေးကွင်းဆင်းစစ်ဆေး”

Powered by Drupal

     ပြင်ဦးလွင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ သြဂုတ်လ(၁၃) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး မြို့မစျေးအတွင်းရှိ ရတနာရွှေအိုးဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ၊ အဖွဲ့အနေဖြင့် မန္တလေး မှပြင်ဦးလွင်သို့ နေ့စဉ် ဆန်ဝင်ရောက်မှု၊ ပြန်လည်ရောင်းချမှု၊ ရောင်းချရာတွင် နိုင်ငံတော်မှ သတ်မှတ်ထားသော ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ သတ်မှတ်စျေးနှုန်းကို ဗွီနိုင်း ပြုလုပ်၍  အများထင်သာ မြင်သာရှိသည့်နေရာများတွင် ချိတ်ဆွဲရောင်းချနိုင်ရေး ၊ ဆန်သိုလှောင် ရောင်းချရာတွင်လည်း စျေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်းမျိုးမရှိစေရေး ၊ ဆန်သိုလှောင် ရောင်းချပါက ဆန်စပါးသိုလှောင်ရုံများ မြန်မာ့ဆန်စပါးအွန်လိုင်း (MyRo)တွင် မှတ်ပုံတင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန နှင့် ချိတ်ဆက်ပြီး  ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ကွင်းဆင်းစစ်ဆေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)