Main menu

ကန့်ဘလူမြို့သစ်သီးဈေးကွက်၌ ပန်းသီးဈေးနှုန်းမြင့်တက်

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ ဘုရာကြီးဈေးရှိ သစ်သီးဆိုင်များတွင် ဒေသထွက်အသီးအနှံများ၊ မန္တလေးတိုင်းဒေသကြီးနှင့် မြစ်ကြီးနားဒေသထွက် အသီးအနှံများ ရောင်းချလျက်ရှိပြီး ပန်းသီးများကို မန္တလေးသစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း၊ ပန်းသီးသည် ကျန်းမာရေးအတွက် အထောက်အကူများစွာ ပြုပေးသည့်အတွက် အရောင်းသွက်သည့် အသီးတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

          ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ပန်းသီး အကြီး(၁)လုံးလျှင် (၈၀၀၀မှ ၉၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၇၀၀၀)ကျပ်နှင့် အသေး(၃)လုံးလျှင် (၁၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပန်းသီးသည် နူးညံ့ထူးကဲသော အရသာရှိသည့်အတွက် စားဖူးသူတိုင်း ကြိုက်နှစ်သက်သည့်အတွက် အရောင်းသွက်လျက်ရှိသည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)