Main menu

ဦးစီးဌာနများနှင့် ကျေးရွာနေပြည်သူများသို့ သက်သာ‌သောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးခဲ့  

Powered by Drupal

       (၂၆-၈-၂၀၂၂) ရက်နေ့မှာတော့ ဆီလုပ်ငန်းရှင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခင်မောင်ဆွေ (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဒေါ်စောမာလာနွယ်(ဦးစီးအရာရှိ)တို့ပူးပေါင်း၍ ဦးစီးဌာနများနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာနေပြည်သူများသို့ တစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် စားသုံးဆီတစ်ပိဿာလျှင် (၅၂၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပါတယ်။

     ထိုရောင်းချမှုတွင် Diamond Dragon Co;ltd မှ ဆီလုပ်ငန်းရှင်ကိုယ်စားလှယ် ဒေါ်နီလာထွေး က ရုံးအမှတ်(၂၆)၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတွင် ပိဿာချိန် (၈၂၄)ပိဿာ၊ ရုံးအမှတ်(၃၄)၊ ငွေတိုက်ဦးစီးဌာနတွင် ဆီပိဿာချိန် (၂၈၈)ပိဿာ၊ ရုံးအမှတ်(၃၅)၊ ယဉ်ကျေးမှုဦးစီးဌာနတွင် ပိဿာချိန် (၂၀၀)ပိဿာ၊ ရုံးအမှတ် (၄၂)၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် ဆီ(၁၆၈) ပိဿာနှင့် ဇေယျာသီရိမြို့နယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) လုံခြုံ‌ရေးနှင့်သက်ဆိုင်သော ပုံနှိပ်လုပ်ငန်းများညွှန်ကြားရေးမှူးရုံးတွင် ဆီပိဿာချိန် (၂၈၈)ပိဿာ ရောင်းချပေးခဲ့ပါတယ်။

       ဆက်လက်၍ နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦး‌အောင်ကိုထက်က ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းအုပ်စု၊ ချိုင်း‌ကျေးရွာတွင် ဈေးကားတစ်စီးဖြင့် ဆီပိဿာချိန် (၆၆၀)ကို ရောင်းချပေးခဲ့ပြီး၊ အခြားဆီလုပ်ငန်းရှင်များမှလည်း ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်များရှိ ကျေးရွာအများစုတွင် ဈေးကားများဖြင့် စားသုံးဆီများကို လှည့်လည်ရောင်းချပေးခဲ့ကြပါတယ်။

       (၂၆-၈-၂၀၂၂) ရက်နေ့မှာတော့ ဦးစီးဌာနများနှင့် ကျေးရွာနေပြည်သူများကို သက်သာသော ဈေးနှုန်းဖြင့် ဆီပိဿာချိန်ပေါင်း (၇၇၀၈)ပိဿာ ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)