
ကျောက်ဆည်မြို့၊မြို့ဦးရပ်ရှိ ကျော်ကိတ်ခြောက်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုနှင့်ပတ်သက်၍ သြဂုတ်လ(၁၂)ရက်နေ့တွင် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ထိုသို့တွေ့ဆုံရာတွင် ဦးဇော်မင်းလတ် (ဦးစီးအရာရှိ)က ပြောကြားရာတွင်ကျော်ကိတ်ခြောက်လုပ်ငန်းရှင်အား မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် မှထုတ်ပြန်ထားသောညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်စားသုံးသူကာကွယ်ရေးဥပဒေပါလုပ်ငန်းရှင်များ၏တာဝန်များနှင့် အခန်း၁၈ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း ၊ ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက် နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက် နှင့် ကြိုတင်သတိပေးချက် တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)