Main menu

နေပြည်တော်အတွင်းရှိ မြို့နယ်များသို့ သက်သာ‌သောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချ

Powered by Drupal

      (၂၈-၈-၂၀၂၂) ရက်နေ့မှာတော့ ဆီလုပ်ငန်းရှင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခင်မောင်ဆွေ (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဒေါ်စောမာလာနွယ်(ဦးစီးအရာရှိ)တို့ပူးပေါင်း၍ နေပြည်တော်အတွင်းရှိ မြို့နယ်များရှိ ကျေးရွာနေ ပြည်သူများသို့ တစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် စားသုံးဆီတစ်ပိဿာလျှင် (၅၂၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပါတယ်။

      ထိုရောင်းချမှုတွင် နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဆီလုပ်ငန်းရှင် (၁)ဦးမှ ပုဗ္ဗသီရိမြို့နယ်၊ တိုင်းစစ်ဌာနချုပ်တွင် ဈေးကားတစ်စီးဖြင့် ဆီပိဿာချိန် (၁၃၂၀)ကို လည်းကောင်း၊ ဆီလုပ်ငန်းရှင်(၁)ဦးမှ လယ်ဝေးမြို့နယ်၊ ရုံးပင်ကျေးရွာတွင် ဈေးကားတစ်စီးဖြင့် ဆီ ပိဿာာချိန်(၆၆၀)ကိုလည်းကောင်း ရောင်းချပေးခဲ့ပါတယ်။

    ဆက်လက်၍ ဆီလုပ်ငန်းရှင်(၁)ဦးမှ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်ရှိ ကျေးရွာ(၃)ရွာ တွင် ဈေးကားတစ်စီးဖြင့် ဆီပိဿာချိန်(၆၆၀)ကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင်(၄)ဦးမှ တပ်ကုန်းမြို့ နယ်ရှိ ကျေးရွာ(၈)ရွာတွင် ဈေးးကားတစ်စီးစီဖြင့် ဆီပိဿာချိန်(၂၆၄၀)ကိုလည်းကောင်း အသီးသီး ရောင်းချပေးခဲ့ပါတယ်။

    (၂၈-၈-၂၀၂၂) ရက်နေ့မှာတော့ နေပြည်တော်အတွင်းရှိ မြို့နယ်များသို့ သက်သာသော ဈေးနှုန်းဖြင့် ဆီပိဿာချိန်ပေါင်း (၅၂၈၀)ပိဿာ ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)