ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို၌ စားအုန်းဆီ လက်ကား၊ လက်လီလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့တွင် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြရွှေဝါခန်းမ၌ ကျင်းပသည်။ ဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က အမှာ စကား ပြောကြားသည်။
ထို့နောက် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲ တာဝန်ခံညွှန်ကြားရေးမှူး ဦးဟန်ဝင်းကျော်နှင့် သတင်းအချက်အလက်နှင့် နည်းပညာအရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်တို့က လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပေးနွေးသည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း စားအုန်းဆီဖြန့်ဖြူးလျက်ရှိသည့် ကုမ္ပဏီများမှတာဝန်ရှိသူများနှင့် လက်ကား၊ လက်လီဆီ အရောင်းကိုယ်စားလှယ်များ စုစုပေါင်း 240 ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။