
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း နှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ (အ.လ.က)ခွဲ ကျောင်း ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်များအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ကျောင်းဆရာ/ဆရာမများနှင့် ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းရှိ မုန့်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/မများပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်များတွင် ရောင်းချလျက်ရှိသည့် စားသောက်ကုန်စည်များတွင် ကုန်အညွှန်အမှတ်အသားများကို(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာ ဖြင့်ဖော်ပြထားခြင်း ရှိ/မရှိစစ်ဆေးခဲ့ကြောင်း၊ မြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ရောင်းချသည့် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် ကုန်စည်များ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသည့်ကုန်စည်များ စသည်တို့ကို ရောင်းချ ရန် အသိပညာပေးပြောကြားခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် စားသုံးသူ၏အခွင့်အရေး များပါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
DOCA (စစ်ကိုင်း)