Main menu

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသည့် အစေ့ထုတ်ပြောင်းဈေးနှုန်း

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ  မိုးသီးနှံ အစေ့ထုတ်ပြောင်း(၈၈၉၃၁)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း၊ အစေ့ထုတ်ပြောင်းကို ကန့်ဘလူ မြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင်လည်း စိုက်ပျိုးကြောင်း သိရသည်။

/       ကန့်ဘလူမြို့နယ်၌ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း အစေ့ထုတ် ပြောင်း(၁)တင်းလျှင် (၂၃၁၀၀)ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၂၅၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း အစေ့ ထုတ်ပြောင်း(၁)တင်းလျှင် (၁၁၀၀)ကျပ် ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း၊ ဈေးကွက်အတွင်း အစေ့ထုတ်ပြောင်း ဝင်ရောက်မှုနည်းသော်လည်း ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဒေသတွင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)