Main menu

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲဈေးနှုန်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက် ရှိရာ၊ ဆောင်းမတ်ပဲ(၃၈၅၄၄)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း၊ မတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် မြေထူးကျေးရွာ၊ တောက္ကရှပ်ကျေးရွာ၊ ညောင်ဇင်ကျေးရွာများတွင် အဓိကစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၈၃၀၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် (၈၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ဩဂုတ်လ ပထမပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဒုတိယပတ်အတွင်း မတ်ပဲရိုးရိုး(၁)တင်း လျှင်(၂၅၀၀)ကျပ်နှင့် မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် (၃၅၀၀)ကျပ် ဈေးနှုန်းကျဆင်းသွား ကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်းမှ ထွက်ရှိသော မတ်ပဲသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည် ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA (စစ်ကိုင်း)