
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ စည်ပင်သာယာမြို့မဈေးအတွင်း၊ ဈေးပြင်ပရပ်ကွက်များရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များသို့ ဩဂုတ်လ(၁၂) ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ဩဂုတ်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော အခြေခံများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ် တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့ပူးပေါင်း၍ အမှတ်(၂)ရပ်ကွက်ရှိ ဒေါ်သောင်း သောင်းဆန်ဆိုင်၊ ဒေါ်ခင်သန်း၏ ကုန်ခြောက်ဆိုင်၊ စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဒေါ်မြသန်း၊ ဒေါ်စန္ဒီလင်း၊ ဒေါ်ဥမ္မာ၊ ဒေါ်ဖြူတို့၏ ကုန်ခြောက်ဆိုင်များ၊ ဦးအောင်အောင်၏ ကြက်သားဆိုင်၊ ဒေါ်တင်တင်လှ၏ အမဲသားဆိုင်၊ ဦးကျော်မင်း၊ ဒေါ်ကေသီတို့၏ ဆိတ်သားဆိုင်၊ ဒေါ်ခင်ဟန်၊ ဒေါ်သန္တာတို့၏ ငါးမျိုးစုံဆိုင်၊ ဒေါ်ခိုင်၏ ငါးပိဆိုင်၊ ဒေါ်မေကို၏ ကြက်ဥ၊ ဘဲဥဆိုင်နှင့် ဦးကျော်လွင်၏ ဝက်သားဆိုင်တို့တွင် ရောင်းချနေသော ကုန်ပစ္စည်းဈေးနှုန်းများအား ကောက်ခံခဲ့ရာတွင် ဩဂုတ်လ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများနှင့် သိသာစွာကွာခြားမှုမရှိဘဲ စားအုန်းဆီဈေးနှုန်း အနည်းငယ်မြင့်တက်လာသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)