Main menu

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပျားသလက် ဈေးနှုန်း

Powered by Drupal

    ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် စိုက်ပျိုးရေးကိုလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိပြီး လယ်ယာလုပ်ငန်းကို ပိုင်ဆိုင်သူများရှိသလို စားဝတ်နေရေးအတွက် နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်နေရသူများ၊ တောတောင်၊ မြစ်ချောင်း၊ အင်း၊ အိုင်များတွင် စားဝတ်နေရေးအတွက် လုပ်ကိုင်နေရသူများလည်း ရှိကြသည်။ တောတောင်များတွင် ပျားရှာသည့်အလုပ်မှာလည်း ထိုက်သင့်သည့် ဝင်ငွေရရှိသည့်အတွက် ဒေသခံအချို့က လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ရောင်းချနေသော ပျားသလက် ဈေးနှုန်းများအနေဖြင့် ပျားသလက်မီးကင် (၁)ထုပ်လျှင်(၂၀၀၀)ကျပ်၊ (၃)ထုပ်လျှင် (၅၀၀၀)ကျပ်၊ ပျားသလက်အစိမ်း(၁)ထုပ်လျှင် (၁၅၀၀)ကျပ်ဖြင့်ရောင်းချရကြောင်း၊ စားသုံးသူများ သည် ပျားသလက်မီးကင်ကို ပိုမိုကြိုက်နှစ်သက်ကြောင်း၊  ပျားသလက်အပြင်၊ ပျားရည်ပါ ရောင်းချရသည့်အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျှက်ရှိကြောင်း ပျားရှာသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)