Main menu

စားသုံးဆီရောင်းချပေးနေမှုများ

Powered by Drupal

           နေပြည်တော်ကောင်စီနယ်မြေအတွင်း စားသုံးဆီများကို ဈေးကားများဖြင့်လှည့်လည် ရောင်းချပေးလျက်ရှိရာ (၃၀-၈-၂၀၂၂) ရက်နေ့တွင် စားသုံးဆီတစ်ပိဿာလျှင် (၅၃၀၀) ကျပ်နှုန်းဖြင့် ဆီလုပ်ငန်းရှင် ဦးကိုလေးက လယ်ဝေးမြို့နယ် ကြံခင်းကျေးရွာနှင့်ကွက်သစ်ကျေးရွာတို့တွင် ဆီပိဿာချိန် (၆၆၀)ကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင် ဦးပြည့်ဖြိုးအောင်မှ အင်းသာကျေးရွာ (တောင်ပိုင်း)တွင် ဆီပိဿာချိန် (၆၆၀)ကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင် ဦးအေးထွန်းမှ အင်းသာကျေးရွာ (မြောက်ပိုင်း)တွင် ဆီပိဿာချိန် (၆၆၀)ကို ရောင်းချပေးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

          လယ်ဝေးမြို့နယ် ဆီလုပ်ငန်းရှင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်စောမာလာနွယ် (ဦးစီးအရာရှိ)တို့၏ ဦးဆောင်မှုဖြင့် ၃၀-၈-၂၀၂၂ ရက်နေ့တွင် စားသုံးဆီပိဿာပေါင်း (၁၉၈၀) ရောင်း ချပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။

DOCAP(ပြည်ထောင်စုနယ်မြေ)