Main menu

သထုံခရိုင်ဦးစီးမှူးသည် “ဇွဲမာန်” ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

    ၁၂.၈.၂၀၂၅ ရက်နေ့ နေ့လယ် ၁၂း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူနှင့်ဝန်ထမ်းများသည် သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်ရှိ မုန့်တိုက်ပိုင်ရှင် ဦးတင်နိုင်ဝင်းနှင့်တွေ့ဆုံခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပ‌ဒေ (၂၀၁၉) တွင် ပြဌာန်းထားသည့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကိုလိုက်နာရန်၊ ကုန်စည်များ ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပ‌ဒေ အခန်း (၁၈) ပြဌာန်းချက်နှင့်အညီ ဖော်ပြပေးရန်၊ ကုန်စည် အမျိူးအစားအလိုက် သက်ဆိုင်ရာ ဌာနများ၏ ညွှန်ကြားချက်များအား အလေးထားလိုက်နာ ဆောင်ရွက်ကြရန် အသိပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA (မွန်)