
ကျွန်းလှမြို့နယ် သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာတို့မှ ထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီး များ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့ တို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရသည်။
ဩဂုတ်လ ဒုတိယပတ်တွင် ကျွန်းလှမြို့ရှိ ဈေးများတွင် ရောင်းချနေသော ခရမ်းချဉ်သီး ဈေးနှုန်းများမှာ ခရမ်း ချဉ်သီး အလုံးကြီး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ အလုံးသေး တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ခရမ်းချဉ်သီးဈေး တစ်ပိဿာလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)