Main menu

သီရိလင်္ကာနိုင်ငံသို့ လှူဒါန်းမည့် ဆန်တန်ချိန် (၁၀၀၀)အား ပြင်ဆင်ထုပ်ပိုးနေမှုအစီအစဉ်များကို သံအမတ်ကြီးမှ လာရောက်ကြည့်ရှု

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ စီစဉ်ကြီးကြပ်မှုဖြင့် သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် (၁၀၀၀)အား ပေးပို့လှူဒါန်းနိုင်ရေးအတွက် Shwe Wah Yaung Agriculture Production Co.,Ltd. ၊ International Green Land Trading Co.,Ltd. ၊ Wilmar Myanmar Riceland Limited တို့မှ သင်္ဘောတင်ပို့ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ (၂၉.၈.၂၀၂၂)ရက်၊ တနင်္လာနေ့ နံနက်ပိုင်းတွင် ကုမ္ပဏီ(၃)ခုမှ သီရိလင်္ကာနိုင်ငံသို့ ပေးပို့လှူဒါန်းမည့်ဆန်များအား သင်္ဘောတင်နိုင်ရေးအတွက် ထုပ်ပိုးပြင်ဆင်ဆောင်ရွက်နေမှုများကို မြန်မာနိုင်ငံဆိုင်ရာသီရိလင်္ကာနိုင်ငံ သံအမတ်ကြီးနှင့်အဖွဲ့မှ လာရောက်ကြည့်ရှုခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)