Main menu

ကျွန်းလှမြို့တွင် ဆက်လက်မြင့်တက်လျက်ရှိသော ပုဇွန်ထုတ် ဈေးနှုန်း

Powered by Drupal

  ကျွန်းလှမြို့နယ်တွင် ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်း များထဲမှ ပုဇွန်ထုတ် ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိကြောင်း သိရသည်။ ပုဇွန်ထုတ်များကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ တဆင့် ဝယ်ယူရောင်းချကာ ထမင်းဆိုင်များ ၊ စားသောက်ဆိုင်များနှင့် စားဖွယ်စုံ ရောင်းချသည့်ဆိုင်များမှ ဝယ်ယူအသုံးပြုနေသည့်အတွက် ဈေးကောင်းရရှိနေကြောင်း သိရသည်။

    ယခု ဩဂုတ်လဒုတိယပတ်တွင် ရောင်းချနေသော ပုဇွန်ထုတ် ဈေးနှုန်းများမှာ ပုဇွန်ထုတ် လက္ကားဈေး()ပိဿာလျှင်(၆၃၀၀၀)ကျပ်၊ လက်လီဈေး()ပိဿာလျှင်(၆၅၀၀၀)ကျပ်၊ (၅၀) ကျပ်သား လျှင်(၃၂၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၆၃၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ထက် ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)