ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဩဂုတ်လ (၂၃) ရက်နေ့မှ ဩဂုတ် လ (၂၉) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မြင်းခြံ၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၁၅၀၀ ၊ အလုံးလတ် ကျပ် ၁၀၀၀ ၊ အလုံးသေး ကျပ် ၇၀၀ ၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး အလုံးကြီး ကျပ် ၄၀၀၊ အလုံးလတ် ကျပ် ၃၀၀ ၊ အလုံးသေး ၂၀၀ မှ ၁၀၀၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၇၀၀၊ အလုံးလတ် ကျပ် ၆၀၀ ၊ အလုံးသေး ကျပ် ၅၀၀ မှ ၄၀၀၊ တိုက်ကြီးမှ ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၇၀၀၊ အလုံးလတ် ကျပ် ၆၀၀၊ ရပ်စောက် မှ သရက်သီး (ရင်ကွဲ) အိတ်စွပ် အလုံးကြီး သေတ္တာ အလုံး ၅၀ လုံးပါ ကျပ် ၃၅၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၆၀ ပါကျပ် ၃၂၀၀၀၊ အလုံးသေး သေတ္တာ အလုံး ၇၅ ပါကျပ် ၂၇၀၀၀၊ ရပ်စောက် မှ သရက်သီး (ရင်ကွဲ) ရိုးရိုး အလုံးကြီး သေတ္တာ အလုံး ၆၀ လုံးပါ ကျပ် ၂၀၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၇၅ ပါကျပ် ၁၈၀၀၀၊ အလုံးသေး သေတ္တာ အလုံး ၉၀ ပါကျပ် ၁၅၀၀၀၊ မော်လမြိုင် မှ ကျွဲကောသီး အလုံးကြီး ကျပ် ၂၈၀၀ မှ ၂၅၀၀၊ အလုံးလတ် ကျပ် ၂၃၀၀ မှ ၂၀၀၀၊ အလုံးသေး ကျပ် ၁၈၀၀ မှ ၁၅၀၀၊ ၁၃၀၀ မှ ၁၀၀၀၊ ၈၀၀ မှ ၅၀၀၊ ပုပ္ပါး မှ ဩဇာသီး အလုံးသေး သေတ္တာ ကျပ် ၄၀၀၀၊ ပြည် မှ ဩဇာသီး အလုံးကြီး သေတ္တာ အလုံး ၆၀ လုံးပါ ကျပ် ၁၀၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာ ဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။
DOCA(ရန်ကုန်)