Main menu

ပုသိမ်မြို့ပေါ်ရှိ ခရမ်းသီး ဈေးနှုန်းအကြောင်း

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် အနီးတစ်ဝိုက်ဒေသများဖြစ်သော စိုင်ခြံ၊ ရေချိုကုန်း၊ သဲဖြူကျေးရွာများမှ သီးနှံစိုက်တောင်သူများသည် စားဖိုဆောင် သီးနှံဖြစ်သည့် ခရမ်းပင်များကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပါသည်။  ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်၌ မြို့မဈေး၊ အောင်ဧရာဈေးနှင့် ဘိုကနောင်ဈေးတို့တွင် ရောင်းချနေသော ခရမ်းသီး ဈေးနှုန်း များအနေဖြင့် ခရမ်းသီး အလုံးအရွယ်အစားပေါ်မူတည်၍ (၅၀၀)ကျပ်မှ(၈၀၀)ကျပ် ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူ ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(ဧရာဝတီ)