Main menu

ပုသိမ်မြို့ရှိ ပဲသီးဈေးနှုန်းအကြောင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် အနီးတစ်ဝိုက်ဒေသများဖြစ်သော စိုင်ခြံ၊ ရေချိုကုန်း၊ သဲဖြူကျေးရွာများမှ သီးနှံစိုက်တောင်သူများသည် စားဖိုဆောင် သီးနှံဖြစ်သည့် ပဲသီးပင်များကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပါသည်။  ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်၌ မြို့မဈေး၊ အောင်ဧရာဈေးနှင့် ဘိုကနောင်ဈေးတို့တွင် ရောင်းချနေသောပဲသီးဈေးနှုန်းများအနေဖြင့် ပဲသီးအရှည် အတောင့်(၂၀)ပါတစ်စီးလျှင်  ၁၀၀၀ ကျပ်ရှိကြောင်း ကုန်စိမ်းရောင်းချ သူဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(ဧရာဝတီ)