Main menu

တရားမဝင်ကုန်သွယ်မှုတားဆီးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

           (၂၉-၈-၂၀၂၂)ရက်နေ့ နေ့လည်(၁၀:၀၀)နာရီအချိန်တွင် မောင်တောမြို့နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ အကောက်ခွန်ဦးစီးမှူး ပြည့်ဖြိုးသိုက် ဦးဆောင်ပြီး မြို့နယ် ရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ အကောက် ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မောင်တောကုန်သည်ကြီးအသင်းမှတာဝန်ရှိ သူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့ ကညင်တန်းရပ်ကွက် မြို့ဝင်ဂိတ်တွင် ကုန်တင်မော်တော်ယာဉ်များအား တရားမဝင်ပစ္စည်းများ သယ်ဆောင်လာခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

       မောင်တောမြို့နယ်အတွင်းသို့ ကုန်ပစ္စည်းဝင်ရောက်ရာတွင် တရားမဝင်ကုန်စည်များ၏ အန္တရာယ်နှင့် တရားမဝင်ကုန်သွယ်မှုကြောင်း ဒေသတွင်းထိခိုက်မှုမရှိစေရေးအတွက် ရည်ရွယ်၍စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကုန်ပစ္စည်းများသယ်ဆောင်လာသော မော်တော်ယာဉ်များအား သယ်ဆောင်လာသောကုန်ပစ္စည်းနှင့် ကုန်ပို့လွှာများ ကိုက်ညီမှုရှိ/မရှိ  စစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ရခိုင်)