Main menu

ချောက်မြို့နယ်၊ ဆူးတပ်ကျေးရွာ၌ မိုးမြေပဲများ စတင်ထွက်ပေါ်လျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဆူးတပ်၊ ကြွယ်ကန်၊ မကျည်းစောက်၊ သစ်တိုကန်၊ စန်းကန်၊ စန်းနီစသည့် ကျေးရွာများသည် စိုက်ပျိုးရေးကိုအဓိကထား လုပ်ကိုင်ကြပြီး မြေပဲ၊ နှမ်း၊ ပဲစဉ်းငုံနှင့် အခြားစားဖိုဆောင်သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း ဆူးတပ်ကျေးရွာ၌ မိုးမြေပဲများကို ၂၀၂၅ခုနှစ်၊ မေလ(ဒုတိယပတ်)မှစတင်၍ စိုက်ပျိုးထားကြောင်း သိရှိရသည်။

          ဆူးတပ်ကျေးရွာနေ မြေပဲစိုက်တောင်သူတစ်ဦးသည် မိုးမြေပဲစိုက်ပျိုးရာတွင် မြေပဲဆံ(ဖြူ)နှင့် မြေပဲဆံ(နီ)ကိုစိုက်ပျိုးကြောင်း၊ မိုးမြေပဲ(၁)ဧကလျှင် မျိုး(၂)တင်းခန့် ကုန်ကျကြောင်း၊ မျိုးအနေဖြင့် ယခင်နှစ်က   မိမိယာခင်းမှထွက်ရှိသော မြေပဲများကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ မြေပဲစိုက်ရာတွင် ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် စတင်ရိတ်သိမ်းကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ထွန်ယက်ခ၊ လုပ်အားခ၊ ဆေးဖြန်းခ၊ ရိတ်သိမ်းခ အပါအဝင် စုစုပေါင်း ကျပ်(၉၀၀၀၀၀ - ၁၀၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် မိုးမြေပဲတောင့်(၆၀)တင်းထွက်ရှိပြီး (၁)တင်းလျှင် ကျပ်(၂၅၀၀၀)ခန့်ရရှိ၍ အကျိုးအမြတ် အနေဖြင့် ကျပ်(၅၀၀၀၀၀-၆၀၀၀၀၀)ခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ချောက်မြို့နှင့် ကျောက်ပန်းတောင်းမြို့ရှိ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း သိရှိရသည်။

DOCA(မ‌ကွေး)