ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ ကြက်/ဘဲများကို ဒေသတွင်းနေထိုင်လျက်ရှိသော စားသုံးသူပြည်သူများအနေဖြင့် လွယ်ကူစွာဝယ်ယူစားသုံးနိုင်ရန် အတွက် တိုင်း/ပြည်နယ်ဒေသများသို့ နေ့စဉ်လက်လီ/လက်ကား ဖြန့်ဖြူးတင်ပို့ရောင်းချလျက်ရှိပါ သည်။
ထိုသို့ရောင်းချလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုအောက်တွင်ရှိသော ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ ဝန်ထမ်းများသည် ၃၀.၈.၂၀၂၂ ရက်နေ့ တွင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးသို့သွားရောက်၍ ကြက်/ဘဲများ ရောင်းချနေသော ဈေး ကွက်ဈေးနှုန်းများအား စုံစမ်းခြင်းများပြုလုပ်ခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်းကောင်း၊ အခြားတိုင်းနှင့် ပြည်နယ်များမှလည်း ဈေးကွက်အတွင်း လိုအပ်ချက်ရှိလျှင် ကြက်/ဘဲများဝင်ရောက်ခြင်းနှင့် ပြန်လည်ပို့ဆောင်ရောင်းချခြင်းများလည်းရှိကြောင်း သိရှိရပါ သည်။
သို့ဖြစ်ပါ၍ ပြန်လည်ရောင်းချရာ၌ ကြက်အရှင်ဈေးနှုန်းအိမ်မွေးကြက် ၁ ပိဿာလျှင် (၇၅၀၀/ ၈၀၀၀) ကျပ်၊ အသားတိုးကြက် ၁ ပိဿာလျှင် (၄၅၀၀/၄၆၀၀) ကျပ်၊ မွေးမြူရေးကြက် (ထီး/မ) ၁ ပိဿာလျှင် (၆၀၀၀/၆၈၀၀) ကျပ်၊ ဘဲ ၁ ပိဿာလျှင် (၄၀၀၀/၅၅၀၀) ကျပ်တို့ဖြင့် အသီးသီးလက်လီ/ လက်ကားရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)