Main menu

ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူ များ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များ သုံးစွဲနိုင်ရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းလုပ်ငန်းအား လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-ခုနှစ် ဩဂုတ်လ(၁၄)ရက်နေ့တွင် ကသာခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦးသည် ကသာမြို့ပေါ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် BOB Mini Mart သို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် အသင့်စား စားသောက်ကုန်များဖြစ်သည့် ခေါက်ဆွဲခြောက်ထုပ်များ၊ မုန့်အမျိုးမျိုးနှင့် အချိုရည်ဘူးများ စသည်တို့တွင် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)ပါ ကုန်စည် အလိုက် မဖြစ်မနေ ထည့်သွင်းဖော်ပြရမည့်အချက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် ကုန်စည်များတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါဝင်မှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ရောင်းချသူ ဆိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားနှင့် သက်ဆိုင်ရာ ဌာနထောက်ခံချက်ပြည့်စုံစွာ ပါဝင်ခြင်း မရှိသော ကုန်စည်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ရောင်းချခြင်း မပြုရန်နှင့် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ စားသုံးရန်မသင့်ဟု တရားဝင်ထုတ်ပြန်ထားသော စားသောက်ကုန်များ၊ သက်တမ်းလွန်စားသောက်ကုန်များကိုလည်း ရောင်းချခြင်းမပြုရန်မှာကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များအား ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)