Main menu

Online တွင် ဈေးကွက်တင်ရောင်းချနေသော နို့စို့ကလေးနှင့် ကလေးငယ်များ အတွက် ဆိတ်နို့မှုန့်ဘူးများ ရောင်းချနေခြင်းကို  ရှောင်တခင်စစ်ဆေး

Powered by Drupal

       ၃၁-၈-၂၀၂၂ ရက်နေ့၊  နံနက် ၁၁:၃၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် (၃၂)၊ သုန္ဒာ (၂)လမ်း၊ သုမင်္ဂလာအိမ်ယာရှိ OZ Housing Australian Lifestyle လုပ်ငန်းအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်)မှဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ် ထွေ/အုပ်၊ မြို့နယ်စည်ပင်(ကျန်းမာ‌ရေး)၊ စားသုံးသူရေးရာဦးစီးဌာန (အရှေ့ပိုင်းခရိုင်) တို့ပူးပေါင်း၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ တရားမဝင် Online ကြော်ငြာချက်များ စောင့်ကြည့်ရေးအဖွဲ့၏ တင်ပြစာအရ Online တွင် ဈေးကွက်တင်ရောင်းချနေသော နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော ဆိတ်နို့မှုန့်ဘူးများ ရောင်းချနေခြင်းကို အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီတို့မှ ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)