ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဩဂုတ်လ နောက်ဆုံးပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဩဂုတ်လ စတုတ္ထပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၇၅၀၀ ၊ မန္တလေးသို့ အိတ်ရေ၆၀၄၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၃၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၄၃၄၀၀၊ တန်အားဖြင့် ၇၁၇၀တန် စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၆၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၈၀၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၁၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၉၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၃၅၀၀၀ ၊ တန်အားဖြင့် ၆၇၅၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၈၄၀၀၊ တန်အားဖြင့် ၄၂၀တန် လျော့၍ စီးထွက်ခဲ့ပါသည်။
ရွှေဘိုမြို့၏ ဩဂုတ်လ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၂၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၃၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၅၈၀၀၀၊ ၂၀၂၁-၂၀၂၂ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း၁၀၀လျှင် ကျပ် ၁၁၀၀၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၃၈၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)